Tuesday, January 27, 2009

----------------- အိမ်မက်ထဲက နတ်သမီး ----------------

သူ...
ပဟေဠိဆန်ဆန်
ပုစ္ဆာတစ်ပုဒ်ပါ။ ။

သူ...
ကင်းဘတ်စဖြူဖြူပေါ်
အဖြူရောင် ဆေးချက်တွေ ပြည့်နှက်၊
အပြုံးနုနုဝဲလျက်
ဓါးချက်နက်နက်နဲ့ ပန်းချီကားတစ်ချပ်ပါ။

သူ...
အိပ်မက်ဥယျာဉ်မှာ
“အချစ်”ဆိုသော ပန်းအတွက်
ပန်းပျိုးသော မေတ္တာလက်တစ်စုံပါ။

သူ...
ကောင်းကင်၏ တည်ကြည်ခြင်း
မြေပြင်၏ ပွေ့ပိုက်ခြင်း
ည၏ ခန့်ညားခြင်းဖြင့် ပြီးသော
နတ်ဘုရား တစ်ဆူပါ။

သူ...
ရင်ဘတ်နွေးနွေးကို ဖွင့်လှစ်ပါ၊
ဆိတ်ဖလူး ရနံ မွှေးပျံ့ပါ၊
မီးတိုင်များကို ထွန်းညှိပါ၊
ပြီးတော့...
င့ါကို ချုပ်နှောင် ဖမ်းစားလှဲ့ပါ...သခင်။

Saturday, January 24, 2009

---------------- ကစဥ့်ကလျာ ၀ါကျများ -----------------

လူတွေထဲက ဘ၀ကို ဆွဲထုတ်ရင်း
ဘ၀တွေထဲက လူကို ရှာဖွေနေတဲ့သူပါ
သရုပ်အမှန် ခွဲခြားပြသဖို့ ဇာတ်ညွှန်းတွေ ကိုယ်တိုင်ရေးရင်း
ကံတရားကို တွင်းတူးပြီး ထည့်နေရ
ဒါနဲ့တောင် ၀ယ်ပေါက်က ထွက်သွားတတ်တဲ့ ၀ိညာဉ်အတွက်
တစ်သက်တာ ဟောစာတမ်းလေးနဲ့ နှစ်သိမ့်နေရသူလေ
အဆီအငေါ်တို့ရေ
ကိုယ်အိပ်မက်လှလှ မက်ပါရစေဦး
သဘာဝ ဒါရိုက်တာကြီးနဲ့ ကိုယ် လက်ဖက်ရည်သောက်ပါရစေ…..။

ကိုရီးယားဇာတ်တွဲတွေလောက်တောင်
ဆွဲဆောင်မှု မရှိတဲ့သူပါ
ကိုယ့်ရဲ့ ကပိုကရို စိတ်ကူးလေးတွေအတွက်
ခဏခဏ ယတြာချေရ
“ဟယ်…. အသင်လောက်”လို့ အော်တတ်တဲ့
“ဖာတစ်လုံး ခေါင်းကြား”ကို အားကျမိသူပါ
ခုတော့….ကတ္တားထဲက နာမ်ကို စုံထောက်ကောင်းပုံများ
ကိုယ့်ဟာ ကြိယာနွံမှာ နစ်လို့…..။

Saturday, January 10, 2009

--------------------------- ဒဏ်--------------------------

လမ်းတွေထက်
ပန်းတွေပြန့်ကျဲ
အလွမ်းတွေမှာ လိမ်ပြာချင်းဆက်
အဆုံးမသတ်နိုင်တဲ့
တမ်းချင်းတွေ . . .
ယူကျုံးမရနိုင်တဲ့ လွမ်းချင်းတွေ . . .။

အမှောင်ထူထူည
တိမ်ညိုတွေအောက်
လျှပ်တပြက် . . မိုးတခတ်မှာ
လေညှင်းက ... ခြွေ
လေးပြင်းက ခြွေ
မပွင့်ဖူးနိုင်တဲ့
ဘ၀တွေက ကေကြွ။

အလိုက်သင့် အလျင်းသင့်
ပန်းတပွင့်မှ မဖြစ်ခင်
အညွန့်အဖူးမကျန်
အဆွတ်ခူးခံရင်းမှ
ရင်တွင်းဒဏ်တွေနဲ့
ကြေကွဲရင်း . . .
ငိုးကြွေးရင်း . . .။

--------------------------- အလွမ်း -----------------------

မလွမ်းဘူးလားရယ်လို့
မတမ်းဘူးဘာရယ်လို့
အရည်လည်မျက်ရည်စတွေနဲ့
ဘ၀င်ဝယ်သည်းကြွေခလေအောင်
မေးမပြပါနဲ့ ချစ်သူရယ်။
တကယ်ချစ်ရသူမို့
ရင်ဝယ်ဘယ်ခါမမေ့နိုင်ပါဘူး
သခင်ရယ် ထွေးကာထားပါ့မယ်
ဆွေးစရာ့စကားတွေ မပြောလေနဲ့တော့
နွေးစရာ့ရင်ခွင်မှာ
ခေါင်းမော့ကာ ပြုံးပြပါဦး . . .။

Tuesday, December 30, 2008

ဘဝနှင့်အချစ်

ဘ၀ဆိုတာ လမ်းမရှည်ကြီးတစ်ခုနဲ့ တူတယ်။ အဲဒီလမ်းက မသိခြင်း၊ အံ့သြခြင်းတွေနဲ့ ပြည့်နှက် နေတယ်။
ဘ၀ဆိုတာ ရွေးချယ်မှု ပုဒ်စာနဲ့တူတယ်။ ရွေးချယ်တာနောက်လိုက်ပြီး ကြုံတွေ့တာတွေ ကွာခြား သွားတယ်။
ဘ၀ဆိုတာ ပြိုင်ပွဲတစ်ခုနဲ့တူတယ်။ အနိုင်အရှုံးက အရေးမကြီးဘူး။ အဓိကက ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံပဲ။

ဘ၀ဆိုတာ ရေနွေးကြမ်းတစ်ခွက်နဲ့ တူတယ်။ သောက်စမှာ ခါးသက်ပေမယ့် ဇိမ်ခံသောက် ကြည့်ရင် ချိုမြမြ အရသာကို နောက်ဆုံးမှာ ခံစားရတယ်။

ဘ၀ဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ လူတစ်ချို့က ကိုယ့်ကိုယ်ကို ထွန်းတောက်အောင် သရုပ်ဆောင်တတ်ပေမယ့် တစ်ချို့က အရံအဖြစ်နဲ့သာ တစ်သက်လုံး သရုပ်ဆောင်ကြတယ်။

ဘ၀ဆိုတာ လှိမ့်နေတဲ့ ကျောက်ခဲတစ်လုံးနဲ့တူတယ်။ ငယ်ရွယ်စဉ် ချွန်ထက်နေတဲ့ ကျောက်ခဲမှ သည် အိုမင်းချိန် လုံးချောတဲ့ ကျောက်ခဲအဖြစ်သို့ လှိမ့်နေရတယ်။

ဘ၀ဆိုတာ ၀င်္ကဘာတစ်ခုနဲ့တူတယ်။ ထွက်လမ်းတွေကို မပြတ်ရှာရင်း ကိုယ်နဲ့သင့်တော်မယ့် လမ်း တစ်ခုကို ရှာကြရတယ်။

အချစ်ဆိုတာ ပူနွေးမွေးကြိုင်နေတဲ့ ကော်ဖီတစ်ခွက်နဲ့တူတယ်။ အေးသွားတာနဲ့ ခါးသက် သွားတယ်။
အချစ်ဆိုတာ ဂွမ်းထဲမှာ အပ်စိုက်ထားသလိုပဲ။ အကိုင်မတတ်ရင် ကိုယ့်ကိုယ်ပြန်စူးစေတယ်။
အချစ်ဆိုတာ သဲနဲ့တူတယ်။ တင်းတင်းဆုပ်ကိုင်ထားလေလေ သဲတွေက လက်ထဲကနေ ထွက်ကျလေလေပဲ။
အချစ်ဆိုတာ မာရသွန်ပြေးနေတာနဲ့တူတယ်။ တာထွက်ကောင်းပေမယ့် တာဝင်လိမ့်မယ်လို့ တစ်ထစ်ချပြောလို့ မရဘူး။

အချစ်ဆိုတာ ကြိုးထိန်းတဲ့ လက်နဲ့တူတယ်။ ကိုယ့်ကိုယ်ကို ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ချင်ခဲ့ပြီး လက်ရဲ့ ကြိုးဆွဲရာနောက်သာ လိုက်ကချင်ခဲ့တယ်။

ဆုံးရှုံးသွားမှ တန်ဖိုးထားရကောင်းမှန်း နားလည်ခဲ့လား?
ကိုယ့်ဘ၀ကနေ ထွက်သွားတော့မှ နှမြောတသ လွမ်းဆွတ်နေမလား?
သူ့တို့ရဲ့ပုံပြင်လေးတွေကို ဖတ်ပြီး ကိုယ့်စိတ်ကို ပျော့ပြောင်း(နူးညံ့) ကြည့်ရအောင်...

---------------------- အလွမ်းရယ်------------------------

လေထဲမှာ လွင့်မျောတဲ့၊ အလွမ်းရယ်
သစ်ရွက်ကြွေတွေလိုပဲ၊ ပြေးကစားတယ်
အတိတ်ကအဖြစ်တွေ၊ တရိပ်ရိပ်ပေါ်လာတုန်းဝယ်
မြင်နိုင်သလို အခါတခါ၊ မပီပြင်မှုန်ဝါး
အချိန်တွေကုန်ခဲ့လို့၊ အသည်းကျွမ်းလုပြီ
နွေကန္တာခရီးထဲ၊ နွမ်းလျလှပေါ့
ရင်ခုသံတွေကြားမှာ၊ ခေါ်သံလေလား
နိုးတ၀က်အိပ်မက်မှာ၊ သံသရာမဆုံးတော့
မောင်တစ်ယောက်တည်း၊ အတွေးကမ္ဘာမှာ တ၀ဲဝဲလည်
ခဏလေးသာထင်ရတဲ့၊ ချစ်ရက်ထဲမှာ
လွမ်းရက်က တရာနှစ်ရာလည်း မကတော့
အလွမ်းရယ် ယနေ့ထက်တိုင် ဖီစီးနေတယ်။

Thursday, December 18, 2008

ဒါက ယောက်ျားတွေဖက် အမြင်ကို

စိုက်ပျိုးရေးတက္ကသိုလ် တက်နေရာမှ ကျောင်းပိတ်ရက်တွင်

အိမ်ပြန်လာရာ အိမ်နီးနားချင်း အမျိုးသမီးတစ်ယောက်က

ကျွန်တော့်အား လာတွေ့ပြီး မေးလေသည်။ ကြက်မွေးချင်သဖြင့်

အကြံဉာဏ်လာတောင်းခြင်း ဖြစ်သည်။


ကြက်မွေးမြူရေးမှာ ကျွန်တော် သင်ယူသည့် ဘာသာရပ်

မဟုတ်ကြောင်း၊ သို့သော် တနိုင် မွေးလိုလျှင်

ကြက်မ ၂၅ ကောင်လောက်ဆိုရင် လုံလောက်ကြောင်း

ကျွန်တော်က ပြောလိုက်ပါသည်။

နွေရာသီ ကျောင်းပိတ်ရက်၊ အိမ်ပြန်လာရာ ထိုအမျိုးသမီး၏

ကြက်မွေးမြူရေးကို သွားကြည့်သည့်အခါ ကျွန်တော် အံ့အော်သင်သွားပါသည်။

ကြက်မ ၂၅ ကောင်နှင့် ကြက်ဖ အတော်များများကို တွေ့ရသဖြင့် ဖြစ်သည်။


ကျွတော်က ရှင်းပြသည်။

တကယ်ဆိုရင် ကြက်ဖ တစ်ကောင် နှစ်ကောင် ဆိုရင် ဒီကြက်မတွေ အတွက် လုံလောက်ပါတယ်။ ကျွန်တော်ကို မကျေမနပ်နှင့် ကြည့်လိုက်ပြီး ထိုအမျိုးသမီးက ပြန်ပြောလိုက်သည်။

ဒါကတော့ ရှင်က ယောက်ျားတွေ အမြင်နဲ့ ပြောတာကိုး။

Tuesday, December 16, 2008

နှစ်သစ်ရဲ့ကြေကွဲည

ဟေမာန်ရဲ့ ဆောင်းတစ်ညမှာ

နာကျင်စွာ ကြေကွဲရင်း

ရင်ကို ရိုက်ခတ်လာတဲ့

မင်းရဲ့ တိုးညှင်းရယ်သံနဲ့

Happy New Year ရဲ့

ထိချက်က ပြင်းတယ် . . .

စစ်မှန်တဲ့ မေတ္တာနဲ့ ဖြူစင်စွာ တန်ဖိုးထားခဲ့တဲ့

ငါ့ရဲ့ ချစ်ခြင်းအချို့ကို ငါ နှမြောမိပါရဲ့

ကုန်ဆုံးသွားတဲ့ အချိန်တွေကို နှမြောတသ

ယူကြုံးမရခံစားရင်း ငါဘယ်လိုဖြေရမလဲ

ကုန်ဆုံးသွားတဲ အချိန်တွေနောက်က

ထက်မြတ်တဲ့ ဓါးသွားအစုံက ငါ့နှလုံးသားအစုံကို

ကွဲကုန်အောင် ရက်စက်ခဲ့တယ် . . .

ချိုမြိန်တဲ့ အပြုံးနဲ့ ငါ့ ရင်အစုံကို

ဖြေသိမ့်မှု ပေးလိုက်ပါ . . .

ကျေနပ်တဲ့ အပြုံးနဲ့ ငါ့ အရှုံးကို

မင်းတစ်သက်လုံး မြင်ရပါစေမယ် . . .။

Monday, October 27, 2008

ကွေကွင်းမှု

မင်းရဲ့ ကျေးကျွန်အဖြစ်နဲ့

ငါ့မှာ ဘာများလုပ်စရာ ရှိလို့လဲ၊

နာရီတိုင်း အချိန်တိုင်း မင်းရဲ့

လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့က လွဲရင်လေ၊

ငါ့မှာ အဖိုးတန်တဲ့ အချိန်ရယ်လို့

ဖြုန်းတီးပစ်စရာ နတ္ထိပါပဲ၊

လုပ်စရာလည်း မရှိပါဘူး၊

မင်း လိုအပ်တဲ့အချိန်ထိပေါ့လေ။

အဆုံးနာရီမရှိတဲ့ ကမ္ဘာကြီးရယ်လို့

မကျေမချမ်းလည်း မဖြစ်ဝံ့ပါဘူး၊

ငါ့မင်း ငါ့ချင်း ငါက မင်းအတွက်

နာရီကို စောင့်ကြည့်နေရခိုက်မှာလေ၊

ခွဲခွာခြင်းရဲ့ ရင်နာစရာတွေကိုလည်း

ခါးသည်း နာကျည်းစွာ တွေးတော မနေခဲ့ပါဘူး၊

မင်းရဲ့ လက်ပါးစေကို

မင်းက နှုတ်ဆက်စကား ပြောသွားခဲ့စဉ်မှာလေ။

သဝန်တိုအတွေးနဲ့ မေးလဲမမေးရဲ့ခဲ့ပါဘူး၊

မင်းဘယ်မှာလဲ ဘာကိစ္စလဲ ဆိုတာတွေကိုလေ၊

ဝမ်းနည်းနေတဲ့ ကျွန်တစ်ယောက်လို ထားရာမှာ နေပြီး၊

ဘာမှ မတွေးပါဘူး၊

မင်းဘယ်မှာလဲ ဘယ်လောက်စိတ်ချမ်းသာနေသလဲ

ဆိုတာတွေက လွဲရင်ပေါ့လေ။

အချစ်ဆိုတာ တကယ်မိုက်မဲတဲ့အရာတစ်ခုပဲ၊

မင်းရဲ့ စိတ်ထဲမှာလေ၊

မင်းဘာပဲလုပ်နေနေ၊

သူကတော့ဖြင့် အပြစ်မမြင်နိုင်ပေ။

Friday, October 3, 2008

-- -- -- -- -- သားပျောက်မိခင်များ မြစ်တစင်း-- -- -- -- --

ဟောဒီမြေရဲ့
သဲ
နုနုတွေပေါ့ ...
ဧရာဝတီလက်မောင်းပေါ်
ဒဏ်ရာအသစ်နဲ့
သောင်ထွန်းကျန်ရစ်ခဲ့
ဓမ္မ ထွန်းကားရာ
ပခုက္ကူမြို
့လေးမှာ။

ဟောဒီ မြေရဲ့
ကြယ်စင်လေးတွေပေါ
့
လတစင်းဆွဲငင်အားနဲ့
စက်တင်ဘာ
မိုးသက်တို့ကြား
သားပျောက်မိခင်များ
မြစ်တစင်း
...
ညင်သာစွာ
စီးဆင်းရင်း။

ချွေးဒီးဒီးကျ
ကြေကြ
သို့သော်မကြေ။

သွေးဒီးဒီးကျ
ေ
ႂကြၾက
သို့သော် က
မ္ဘာမကြေ။

သားပျောက်မိခင်များ
မြစ်တစင်း
...
ရွှေတိဂုံခြေရင်းမှာ
ဖြောင့်တန်းစွာစီး
ဆင်းရင်း
သူ့
ခြေရာတွေ
သမိုင်းသစ်တခုအဖြစ်
ကျန်ရစ်ခဲ့လေရဲ့။ ။

Tuesday, August 12, 2008

ချစ်ခြင်း၏ ညွှန်ကြားရေးမှူး

Glitter Graphics
ရင်တုန်ခြင်းထက်
ရင်ခုန်ခြင်းက
ပို၍ ကုရခက်သည်…..။
သို့သော်လည်း…….

ရင်ခုန်းခြင်းကို
ရင်နားခြင်းအဖြစ်
ပြောင်းလဲမသွားအောင်
သင် တာဝန်ယူပါ….။
သို့ဖြစ်ပါ၍.......

ရင်ခုန်ခြင်းအဖြစ်ကို
ချစ်ခြင်းအဖြစ်
သင် လက်ခံပါ……။

တမ်းတသံ

Glitter Graphics

အနေဝေးလည်း
အတွေးလေးထဲ
အဆွေးလေးနဲ့
သတိရဆဲ…..

လွမ်းရခက်လည်း
အလုပ်တွေထဲ
တမ်းတရင်းနဲ့
သတိရဆဲ……

သြော်…..
ချစ်သူ သက်ထား
မျှော်မိပါလည်း
လွဲချော်တိမ်းပါး
အချိန်များက
အတွေ့မခံ
လွဲနေပြန်လို့
တေ့လွဲကလေး
လွဲနေမိတယ်။

Saturday, August 9, 2008

တစ်ဖက်သတ်

ကိုယ့်အချစ်၊ ကိုယ်သာသိ….
သူ မသိတဲ့ ဘဝ
ငါ ဘယ်လိုချစ်မလဲ….။
ငါ ဘယ်လိုလွမ်းပြမလဲ…။

ငါ့မျက်ဝန်းရဲ့ အကြည့်
သူ ဘယ်လို သိနိုင်မလဲ….။
ငါ့ရင်ထဲက စကား
သူဘယ်လို ကြားနိုင်မလဲ ...။

တစ်ဖက်သတ်အချစ်ဆိုတာ…
ဖက်သူမဲ့တဲ့ ကဗျာ
နားဆင်သူမဲ့ သီချင်း
ကိုယ့်ဘ၀ ကိုလျှောက်ရင်း
တစ်ခါတစ်လေ ….
သူ ငဲ့ကြည့်လေမလားလို့။